သွားနှင့်ခံတွင်းကျန်းမာရေး ကွင်းဆင်းကုသ စစ်တမ်းကောက်ယူခြင်း၊ ပညာပေးဟောပြောခြင်း
  UDM Yangon         September 12, 2023         377

သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်-ရန်ကုန်ပါမောက္ခချုပ်၏လမ်းညွှန်မှု၊ ကာကွယ်ရေးနှင့်လူထုသွားကျန်းမာရေး ပညာဌာနမှပါမောက္ခ/ဌာနမှူးဦးဆောင်မှုတို့ဖြင့်ဘွဲ့လွန်သင်တန်းသား၊ သင်တန်းသူများနှင့်  အလုပ်သင်ဆရာ၀န်များ ပါဝင် သောအဖွဲ့သည် (၁၁..၂၀၂၃) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သွပ်ဝိုင်းကြီးရပ်ကွက်အတွင်းရှိ အမှတ် () အခြေခံပညာအလယ်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူ (၄၀)ဦးအား သွားနှင့်ခံတွင်း စစ်တမ်းကောက်ယူခြင်း၊ ကျောင်းသား၊ ကျောင်းသူ(၁၂၆)ဦးအား သွားနှင့်ခံတွင်းကျန်းမာရေးပညာပေးဟောပြောခြင်း၊ ကျောင်းသား၊ ကျောင်းသူ (၆၀၁)ဦးတို့အား သွားနှင့်ခံတွင်းကျန်းမာရေးစစ်ဆေး၍ သွားနှင့်ခံတွင်း ဝေဒနာရှင် (၁၁၀)ဦးတို့ အား အခမဲ့ကုသမှုပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။