သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်−ရန်ကုန်၊ ဗုဒ္ဓဘာသာအသင်းမိသားစုမှ ကြီးမှူး၍ သတ္တမအကြိမ်မြောက် ထမနဲထိုးပြိုင်ပွဲကို (၆.၂.၂၀၂၀)ရက်နေ့ ညနေ (၃:၃၀) နာရီ၌ အဆိုပါတက္ကသိုလ် "လင်းရောင်ခြည်" ကွင်း၌ ကျင်းပရာ ဘွဲ့ကြို၊ ဘွဲ့လွန် ကျောင်းသား၊ကျောင်းသူများ၊ အလုပ်သင်ဆရာ၀န်များ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိသည့် အသင်းများအား ပါမောက္ခချုပ်နှင့်ဆရာ၊ဆရာမများက ဆုများ ချီးမြှင့်ခဲ့ကြ ပါသည်။